တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ရာမညမွန်ကျောင်းရှိ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြား၍ ဆန်၊ ဆီ၊ ဆားနှင့် ကြက်သွန်များ ထောက်ပံ့

မြိတ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြိတ်မြို့ ရာမညမွန်ကျောင်းသို့ သွားရောက်၍ မွန်တိုင်းရင်းသား ကျောင်းသားသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ဆန်၊ ဆီ၊ ဆားနှင့် ကြက်သွန်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရာမညမွန်ကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများကို ဆရာတော်အား ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရာမညမွန်ကျောင်းတွင် နေထိုင်လျက်ရှိကြသည့် မွန်တိုင်းရင်းသား ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားသည်။

ယင်းနောက် ကျောင်းသား/သူများအတွက် ဆန်အိတ်(၅၀)၊ ဆီ (၄၅)ပိဿာ၊ ဆား(၁)အိတ်နှင့် ကြက်သွန် (၃)အိတ်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက်ရောက်လာကြသူများက ရာမညမွန်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဒါနဝရထံမှ ဩဝါဒများ နာယူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)