အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အလယ်တန်းပြဆရာမ ဒေါ်အေးမြင့်က လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နှင့် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှု၏ သမိုင်းအကြောင်း၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေနှင့် လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)