ကမမောင်း ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်း အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက် (၈)နာရီအချိန်က တိုင်းထွာချက်အရ ကမမောင်းမြို့၏ စိုးရိမ်ရေအမှတ် ၇၂၀ စင်တီမီတာအောက် ၆၄၅ စင်တီမီတာသို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ရှိ နေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)