မိုးနဲမြို့နယ်‌ရှိ ကျေးရွာများတွင် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် မိတ်ဆက်ရှင်းလင်း

မိုးနဲ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရးနှစ်အတွက် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးအာကာဖြိုးက တင်ဒါအောင်ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တင်ဒါအောင်ကုမ္ပဏီများက ကုန်းကျာင်းကျးရွာကုန်ထုတ်လမ်း၊ နမ့်ကော်ကျေးရွာ ရေပိုက်သွယ်တန်းခြင်း၊ နောင်ယာဆိုင်းကျေးရွာရေစုကန်တည်ဆောက်ခြင်း၊ နောင်လိုင်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် တက်တက်ကျေးရွာ ရေပိုက်လဲလှယ်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လုပ်ငန်းလိုအပ်ချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၃၉၁ ဒသမ ၁၈ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)