မိုင်းယု ဇူလိုင် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်၏ ဝန်ထမ်းအိမ်ရာ(RCC)တစ်ထပ်၊ ခြောက်ခန်းတွဲအဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မိုင်းယောင်းခရိုင်ပညာရေးမှူး ဦးတင့်ဆွေနှင့် အဖွဲ့ဝင်များ၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ်ကြီး ဇွဲနောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းနှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့မှ တက်ရောက်ကြပြီး သတ်မှတ်နေရာအသီးသီးတို့၌ မင်္ဂလာပန္နက်ကို ရိုက်ပေးခဲ့ကြသည်။
အဆိုပါဝန်ထမ်းအိမ်ရာသစ်သည် အလျားပေ(၁၂၀)၊ အနံပေ (၃၀)ရှိသည့် (RCC)တစ်ထပ်၊ ခြောက်ခန်းတွဲဆောင်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၄ သန်းဖြင့် K3 Putao Co.,ltdမှ တာဝန်ယူဆောက်လုပ်နေလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်