တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရယ်များ ကင်းဝေးစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရဲနန္ဒာစိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုဆိုင်ရာများ အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်