တန့်ယန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းကူးတံတား Box culvert တည်ဆောက်

တန့်ယန်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီး အမှတ်(၁)ရပ်ကွက်မှ အမှတ်(၃)ရပ်ကွက်သို့ ကူးသည့် ရေနုတ်မြောင်းငယ်အား လမ်းကူးတံတားငယ် Box culvert တည်ဆောက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အမှတ်(၁)ရပ်ကွက်မှ အမှတ်(၃)ရပ်ကွက်သို့ ကူးသည့် ရေနုတ်မြောင်းငယ်အား လမ်းကူးတံတားငယ် All RC Box culvert စတင်တည်ဆောက်ခြင်း လုပ်ငန်းခွင်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာက တည်ဆောက်မည့် အရှည် (၄၀)ပေ၊ အကျယ် (၅)ပေရှိ All RC Box culvert အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။                                            

မင်းလွင်ဦး(တန့်ယန်း)