လွိုင်လင်မြို့နယ်၊ ဝမ်အင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

လွိုင်လင်  ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်အင်ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။‌ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သင်တန်းထွက် အချောထည်စ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး သင်တန်းထုတ်ကုန်ပစ္စည်းများ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သင်တန်းသို့ သင်တန်းသား/သူ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး