ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးရွာအုပ်စုများအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော စာကြည့်တိုက်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက ပင်းတောက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြည်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှု၍ အမှား၊ အမှန် ခွဲခြားတတ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများကလည်း မိမိတို့ရပ်ရွာအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ပြန်/ဆက်)