မန္တလေး လူငယ်သင်တန်းကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသော “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ” အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် သစ်တောသစ်ပင်၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များတွင် နေထိုင်ကြသော ဇီဝမျိုးကွဲများ၏ အရေးပါမှု၊ သစ်တောဦးစီးဌာနမှ လုပ်ကိုင်နေသော သစ်တောဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းကို အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဖုန်းဝေ၊ တောအုပ်ကြီး ဦးစောသိန်းထွန်းနှင့် ဦးမျိုးသန့်တို့က ရှင်းလင်းဟောပြောကြသည်။

အခမ်းအနားသို့ လူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်း၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား (၇၃)ဦးတို့ တက်ရောက်ကြသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် လူငယ်သင်တန်းကျောင်းဝန်းအတွင်း တပေဘူတ(၁၀)ပင်၊ ပိတောက်(၁၀)ပင်၊ မယ်ဇယ်(၁၀)ပင်၊ ငုစပ်(၁၀)ပင်၊ ကုက္ကိုလ် (၁၀)ပင်၊ စုစုပေါင်း (၅၀)ပင်ကို ကျောင်းသားများက စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)