မိုင်းစံမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မိုင်းစံ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မဟာဝိဟာရဝိသုဒ္ဓိ မြို့လယ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ မဟာဝိဟာရဝိသုဒ္ဓိ မြို့လယ်ကျောင်းတိုက် ဆရာတော် ဉူးမေဏ္ဍကအား အမှူးထား၍  ဆရာတော်ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့လယ်ကျောင်းတိုက်ဆရာတော် ဉူးမေဏ္ဍကထံမှ ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် မြတ်သောအလှူဒါန၏ လှူဒါန်းရရှိပုံများအား ချီးမွမ်းပြောဆိုခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်းများကို ဆောင်ရွက်ကြပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)