ကရသူရိ ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောင်းသား/သူများ အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာများကို စာအုပ်/ စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် စာဖတ်ဝါသနာရှင်များ တိုးတက်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါ ငှားရမ်းရာ၌ သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု၊ ရုပ်ပြ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)