မော်လမြိုင်ကျွန်းမြို့နယ်၌ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး

မော်လမြိုင်ကျွန်း ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်(၉) နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ်(ON-4185)ရေယာဥ်အမည် MV ရတနာ ထိန်လင်း ၊ ရေယာဥ်အမည် MV အာသာဝတီ၊ (ON- 7387A) ရေယာဥ်အမည် MV ဓနရွှေလမင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဥ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ စားသုံးရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်၊ မီးသတ်ဦးစီးဌာန ဦးအရာရှိ ဦးမျိုးဇော်တို့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ထွက်ခွာမည်ဖြစ်သော MV ရတနာထိန်လင်း၊ MV အာသာဝတီ၊ MV ဓနရွှေလမင်း  ရေယာဥ်များတွင် မော်လမြိုင်ကျွန်းမြို့နယ်ဆန်စက်များမှ စူပါဆန်(၈၀၀၀)အိတ်၊ ပေါ်ဆန်းဆန် (၁၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၂၀၀၀)အိတ် စုစုပေါင်း( ၁၁၀၀၀)တို့အားလည်းကောင်း၊ စူပါဆန် (၃၃၀၀) ၊ ပေါ်ဆန်းဆန် (၂၀၀ )အိတ်၊ ကောက်ညှင်းဆန် (၅၀၀)အိတ် စုစုပေါင်း(၄၀၀၀)အိတ်တို့အားလည်းကောင်း၊ စူပါဆန် (၅၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၅၀၀)အိတ် စုစုပေါင်း (၅၅၀၀) အိတ်တို့အားလည်းကောင်း စနစ်တကျတင်ဆောင်ထားရှိပြီး    တရားမဝင်သော ပစ္စည်းများတင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လိုင်စင်များ ဆောင်ထားခြင်း ရှိ/ မရှိစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို MV ရတနာထိန်လင်း၊ MV အာသာဝတီ၊ MV ဓနရွှေလမင်းရေယာဥ်မှ တာဝန်ခံအား မှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ ဆက်)