မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေး

မိုင်းနောင် မတ် ၂၂         

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိဘပင်စင်စားများအား လစဥ်ပုံမှန် (၂၁)ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျကြိုတင်ပြင်ဆင်ထားပြီး အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ထားရှိကြောင်း ဘဏ်မန်နေဂျာ ဦးသိုက်ထွန်းထံမှ သိရှိရသည်။

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများအား ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။

မနန်း  (မိုင်းနောင်)