တွံတေး ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို(တောင်) ကျေးရွာအုပ်စု၊ တွံတေး-လှိုင်သာယာကားလမ်းဘေး ဝဲ/ယာတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေးအတွက် ၂၀၂၄ ခုနှစ်၊ (စတုထ္ထအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၃၊ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၃၊ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များများက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦးဖြင့် ပျဉ်းမ(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင်တို့ စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား