ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခေနာင်တို မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စျေး၊ ကျောင်းများတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေတွင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊ စျေး၊ ကျောင်း ရပ်ကွက်အတွင်းရှိ အိမ်ပတ်ဝန်းကျင်များတွင် ထုံးဖြူးပေးခြင်း၊ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားများခပ်ပေးခြင်း စသည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြော င်းသိရသည်။

ဝေယံ (ပြန်/ဆက်)