ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောဇွန်တဲတိုက်သို့ သောက်သုံးရေသွား ရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်းတာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ တောဇွန်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့်အခြေခံပညာ ကျောင်းများသို့ သောက်သုံးရေများလှူဒါန်းပေးခဲ့ရာ ယနေ့အထိ (၄၆၂၄၀၀)ရေဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း