ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉၃ စင်တီမီတာ (၃)ပေ ကျော် မြင့်တက်နေသေး

ညောင်ဦး  ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၉၃ စင်တီမီတာ(၃)ပေကျော်မြင့် တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ၂၂၁၃ စင်တီမီတာရောက်ရှိနေကြောင်း စိုးရိမ်ရေမှတ်ထက် ၉၃ စင်တီမီတာ(၃)ပေခန့်ဆက်လက်မြင့်တက်နေသေးကြောင်း၊ ဧရာဝတီမြစ်ရေကျနှုန်းတစ်ရက် ၇ စင်တီမီတာကျနေကြောင်း၊ ရေဘေးသင့်စခန်းများ၊ ဆွေးမျိုးသားချင်းများအိမ်တွင် သွားရောက်နေထိုင်ကြကြောင်းသိရသည်။

ဒီပါလင်း