ကလောမြို့နယ်၌ ဓမ္မစကြာပါဠိတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့်အောင်ပွဲ ကျင်းပ

ကလော ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစီးကျင်းပသော ဓမ္မစကြာပါဠိတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မစကြာရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကလောမြို့နယ်၊အောင်ပန်းမြို့ အောင်စကြာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံမှ ဩကာသကန်တော့ကျိုးဖြင့် ငါးပါးသီလ ဆောက်တည်ခဲ့ကြရာ ဆရာတော်မှ သြဝါဒဝမ်းမြောက်တရား ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဓမ္မစကြာပါဠိတော် ရွတ်ဆို ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဟဲဟိုးမြို့ အင်းခေါင်းကျေးရွာကိုယ်စားပြု (အ.ထ.က-၇) ဝတ်အသင်း၊ ဒုတိယဆုကိုကလောမြို့ အမှတ် (၁၀)ရပ်ကွက်ကိုယ်စားပြု (အမှတ်-၁၀) ဝတ်အသင်း၊ တတိယဆုရရှိသည့် ကလောမြို့ (အ.ထ.က-၂) ကိုယ်စားပြု (အ.ထ.က-၂) ဝတ်အသင်း၊ စိန်ရောင်ခြည်ဘုရားပင့် အကောင်းဆုံးဆုနှင့် နှစ်သိမ့်ဆု ရရှိသော အသင်းများအား ကလောမြို့ ဓမ္မစကြာရိပ်သာကျောင်းတိုက်ဆရာတော်၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး နိုင်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုလက်မှတ်နှင့် အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍

ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဓမ္မစကြာပါဠိတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ အောင်မြင်ကြောင်း ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ဓမ္မစကြာပါဠိတော်ရွတ်ဆိုပြိုင်ပွဲတွင် ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့တို့မှ ပြိုင်ပွဲဝင်ဝတ် အသင်းကိုးသင်းတို့က (၁၉-၇-၂၀၂၄) ရက်နေ့မှ (၂၀-၇-၂၀၂၄) အထိ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)