ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ၁၂၄ စင်တီမီတာ (၄)ပေကျော် မြင့်တက်

ညောင်ဦး ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၁၂၄ စင်တီမီတာ(၄)ပေကျော် မြင့်တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာဖြစ်ပြီး ယမနနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၂၄၄ စင်တီမီတာရောက်ရှိနေကြောင်း စိုးရိမ်ရေမှတ်ထက် ၁၂၄ စင်တီမီတာ(၄)ပေခန့် ဆက်လက်မြင့်တက်နေသေးကြောင်း၊ ဧရာဝတီမြစ်ရေကျနှုန်း တစ်ရက် ၇ စင်တီမီတာကျနေကြောင်း၊ ရေဘေးရှောင်စခန်းများ၊ ဆွေးမျိုးသားချင်းများအိမ်တွင် ရေဘေးရှောင်နေကြကြောင်း သိရသည်။

ဒီပါလင်း