တာချီလိတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၃၀) နှင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၁၂၁) တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ရိုးရာခြင်းလုံးကစားနည်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက “လူငယ်နှင့်အောင် မြင်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ ဒုတိယရဲအုပ်တင်ဆန်းက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ယာဉ်ထိန်းတပ်ဖွဲ့စု (၁၂၁) မှ ရဲအုပ်ဝေဖြိုးက “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကာမှူး ဦးသန်းလှိုင်က “ ကျောင်းသားနှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောပြီး မြို့နယ်မြန်မာ့ရိုးရာခြင်းလုံးဆပ်ကော်မတီက အခြေခံရိုးရာခြင်းလုံးကစားနည်းနှင့် ခြင်းအလှခတ်ခြင်းအား သရုပ်ပြသပြီး ကျောင်းအတွက် ခြင်းလုံးများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)