မဟာအောင်မြေ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ နိုင်ငံအပေါ် သက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားအားလုံးတို့၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း၊ လွတ်လပ်ရေး၏ အနှစ်သာရကို မြန်မာနိုင်ငံအတွင်း မှီတည်နေထိုင်ကြသော တိုင်းရင်းသားအားလုံးအတူတကွ ခံစားနေရကြောင်း၊ ထို့ကြောင့် နောင်နှစ်ပေါင်းများစွာ လွတ်လပ်ရေးကို အစဉ်တည်တံ့ခိုင်မြဲစေရန် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်သွားသင့်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း