မြစ်ကြီနားမြို့၌ ရေကြီးရေလျှံမှုကြောင့် မြို့ပင်မရေနှုတ်မြောင်းများ ရှင်းလင်းရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြစ်ကြီးနား ဇူလိုင် ၁၈

ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နှင့် အောင်းနန်းရပ်ကွက်တို့တွင် မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေနှုတ်မြောင်းများ ရှင်းလင်းရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေ့မှုများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြိုု့၊ မြို့သစ်ကြီးရပ်ကွက်ရှိ မလိဇွပ်ဆေးရုံကြီး အရှေ့လမ်းဘေး ဝဲ/ယာတစ်လျှောက်နှင့် အောင်းနန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအရှေ့ လမ်းဘေး ဝဲ/ယာ တစ်လျှောက်နှင့် ကျောင်းအတွင်း/ အပြင်တို့တွင် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စက်ယန္တရားကြီးများနှင့်အတူ အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ အာဟာရမှုန့်နှင့် အချိုရည်များ ဝေဌာခဲ့ကြကြောင်းသိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)