ပုသိမ် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ငဝန်မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ ခတ္တူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်စတုမုခထူပါရုံဘုရားကြီး ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်၊ သဲအိတ်များ ကြိုတင်စုဆောင်းထားကြရန်မှာကြားခဲ့ပြီး ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုစုရွာ ငွေသောင်ယံဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်အိမ်ထောင်စုများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက တိရစ္ဆာန်များ အန္တရာယ်ကင်းစေရေး၊ အစာကျွေးမွေးရာတွင် ဂရုပြုရမည့် အချက်များအားလည်းကောင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရေသန့်ဆေးပြားများဖြန့်ဝေပေးပြီး အသုံးပြုပုံများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး နည်းလမ်းများအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာသင်ကျောင်းဆောင်လိုအပ်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လက်ပံလှကျေးရွာအုပ်စု လက်ပံလှဘုန်းတော်ကြီးကျောင်းနှင့် သက္ကယ်ပြင်ကျေးရွာအုပ်စု သဲထုံးရွာ သာသနာ့အောင်မြေဘုန်းတော်ကြီးကျောင်းတို့တွင် ရေးဘေးသင့် အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက တိရစ္ဆာန်များပိုးမွှား အန္တရာယ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရေး၊ သန့်ရှင်းသည့် နေရာများသို့ ပြောင်းရွှေ့နေရာချထားရေး၊ အစာ ကျွေးရာတွင် ဂရုပြုရမည့်အချက်များအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရေသန့်ဆေးပြားများ ဖြန့်ဝေပေးပြီး အသုံးပြုပုံများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရေး နည်းလမ်းများအားလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဆောင်အသစ် လိုအပ်ချက်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝင်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရန်၊ ရေကြီးမှု၏ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးဂရုစိုက်ကြရန်၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးပြီး စနစ်တကျအသုံးပြုစေရေး၊ အခြေခံပညာ စာသင်ကျောင်းအချို့ ရေကြီးနစ်မြုပ်သဖြင့် ကျောင်းသားကျောင်းသူများ သွားလာရခက်ခဲသည့် စာသင်ကျောင်းများအား ခေတ္တယာယီပိတ်ထားရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက် မြစ်ရေကြီးမြင့်နိုင်သောကြောင့် ဂရုပြုဆောင်ရွက်ကြရန်နှင့် အရေးပေါ် ဆက်သွယ်ရေးဖုန်းလိုင်းများ အချိန်နှင့်တပြေးညီ အချိတ်အဆက်မိစေရေး လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရေးဘေးသင့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၂)ထုတ်၊ ရေသန့်(၅)ဗူးနှင့် တိရိစ္ဆာန်အစားအစာနှင့် ဆေးဝါးပစ္စည်းများ၊ ရေသန့် ဆေးကဒ်များထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဟင်္သါတခရိုင်၊ ဆည်မြောင်းရိပ်သာ၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဘိုဘိုကျော်နှင့်အဖွဲ့အား တွေ့ဆုံကာ မြစ်ရေ ရောက်ရှိလာနိုင်မှုနှင့် မြစ်ကမ်းထိန်းတာများကြံ့ခိုင်ရေး လူပစ္စည်းအသင့် စုဖွဲ့ထိန်းသိမ်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)