ဟားခါးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ဟားခါး  နိုဝင်ဘာ  ၁၇

ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အတွင်းရှိ ချွန်ကျုံးကျေးရွာနှင့် ကျင်ခွါးကျေးရွာတို့တွင် ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ ချွန်ကျုံးကျေးရွာနှင့် ကျင်ခွါးကျေးရွာတို့တွင် ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ လုပ်ကိုင်သည့် တောင်သူများအတွက် ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အစီအစဉ်အရ နိုင်ငံတော်မှ တောင်သူတစ်ဦး တစ်ဧကလျှင် ငွေကျပ် (၁၄၈၅၀၀) နှုန်းဖြင့် တောင်သူ (၂၀) ၏ စိုက်ပျိုးဧက (၂၀) အတွက် ငွေကျပ်စုစုပေါင်း (၂၉၇၀၀၀၀) ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်း မျိုးစေ့ထုတ်စိုက်ခင်းများ လုပ်ကိုင်သည့် တောင်သူ စုစုပေါင်း ဦးရေ (၈၃) ဦးအထိရှိကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်ထံမှ သိရှိရသည်။

အဆိုပါ ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ လုပ်ကိုင်သည့် တောင်သူများသည် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာ လမ်းညွှန်ကြီးကြပ်မှုများဖြင့် မျိုးကွဲပယ်ခြင်း၊ မြေသြဇာ ထည့်ပေါင်းခြင်း အပါအဝင် စိုက်ပျိုးရေး နည်းစနစ်များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)