ဒဂုံအရှေ့ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်၊ ဝန်ထမ်းလိုင်ခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများ၊ ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးမဉ္ဇူ