ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်

ညောင်ဦး ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏  ယမန်နေ့ ညနေ ၃  နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၂၂၄  စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီ တာရှိကာ စိုးရိမ်ရေမှတ်အထက် ၁၀၄ စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

မြစ်ကမ်းဘေးနေ မိဘပြည်သူများ ရေဘေးအသိသတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊ မြစ်ရေကျမှု အခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေပြည်သူများအား Speed Boat နှင့် လှည့်လည်၍ မြစ်ရေကြီးမှုအခြေအနေအား Hand Speaker ဖြင့် လိုက်လံဆော်ဩနေကြောင်းလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာခြင်းများအား တစ်ရက် ၆ ကြိမ် တိုင်းတာနေပြီး မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ဒီပါလင်း