အ.ထ.က(၁) ညောင်ရွှေ၌ ဗိုဗီနမ်အားကစားနည်း သရုပ်ပြတင်ဆက်

ညောင်ရွှေ ဇူလိုင် ၁၁

ကျောင်းသား၊ ကျောင်းသူလေးများ ဗိုဗီနမ်အားကစားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ထူးချွန်ထက်မြတ်သည့် အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ဗိုဗီနမ်အားကစားနည်း သရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စုဝေးကွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုဗီနမ်အားကစားနည်း သရုပ်ပြမှုတွင် မြန်မာနိုင်ငံလက်ရွေးစင် ဗိုဗီနမ်အားကစားသမား မချစ်နိုဒီဆောင်းဦးဆောင်သည့်အဖွဲ့မှ တေးသရုပ်ဖော်ဖြင့်တင်ဆက်ခြင်း၊ တစ်ဦးချင်းစွမ်းရည်ပြသခြင်း၊ လက်နက်ပါ/လက်နက်မဲ့ တိုက်ခိုက်မှုစွမ်းရည် သရုပ်ပြသခြင်း၊ စုပေါင်းဆောင်ရွက်မှု သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ဗိုဗီနမ်အားကစားနည်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မချစ်နိုဒီဆောင်းမှ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ