မြင်းခြံ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က (၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက အာဇာနည်(၉) ဦး၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)