တောင်သာ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာဖြိုးသာရ ရေးသားသော ကလေးအားလုံး အောင်မြင်နိုင်ပါသည် စာအုပ်မှ ကျွန်မ၏ မိဘနှစ်ပါးစလုံးသည် ကျွန်မနှင့်ပတ်သက်ပြီးအဆင်မပြေမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု စသည့်အကြောင်းအမျိုးမျိုးကို ရင်ဆိုင်ကာ ခေါင်းမာသော၊ တစ်ဇွတ်ထိုးလုပ်တတ်သော၊ ဂနာမငြိမ်သော၊ အတပ်ပြောရခက်သော၊ ထင်ရာစိုင်းတတ်သော သမီးတစ်ယောက်အပေါ် ချစ်ခင်ကြင်နာခြင်း၊ စိတ်ရှည်သည်းခံခြင်းများဖြင့် အကောင်းဆုံးဖြစ်အောင် အားပေးတိုက်တွန်းခဲ့ကြသူများဖြစ်ပါသည်။ မိဘများ၏ နမူနာသည် ကျွန်မအတွက် အကောင်းဆုံးသောအမွေဖြစ်ပါသည် ကျွန်မအတွက် ကျွန်မ၏ ရင်သွေးများအပေါ် ကောင်းစွာထိန်းကျောင်းပဲ့ပြင်နိုင်စေရန် လမ်းညွှန်ပေးခဲ့ပါသည်စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်