နွားထိုးကြီး ဇူလိုင် ၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးစမှ အသက် ၁ နှစ်ခွဲ ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးစမှ ၁ နှစ်ခွဲ ကလေးများကို လစဉ် (၅)ရက်နေ့တွင် အဆုတ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲရောင်အသားဝါ၊ ဦးနှောက်အမှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး (၅) မျိုးစပ်၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်