ကွမ်းခြံကုန်းမြို့ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့ကတိုင်းရင်းဆေးပညာဖြင့် တော်ခရမ်းကြီးကျေးရွာ၊ အ-ထ-ကကျောင်း၌ (အခမဲ့)ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊
အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျီးပေါင်းရောဂါစသည့် လူနာ(၂၀၀)ဦးတို့အား (အခမဲ့)ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)