ညောင်ရွှေ ဇူလိုင် ၅
စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစာကြည့်တိုက်များမှ ကော်မတီများ၊ ကျောင်းစာကြည့်တိုက်တာဝန်ခံများက စာအုပ်စာစောင်များရရှိရေး၊ စာကြည့်တိုက်သင်တန်းဖွင့်လှစ်ရေး၊ ပရိဘောဂများနှင့် အဆောက်အဦးရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်