ရှမ်းရွာသစ် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား/သူများ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားသောနေ့များကို မှတ်တမ်းတင်ထားခဲ့ပြီး အာဇာနည်နေ့သည်လည်း မြန်မာသမိုင်းတွင် နေ့ထူးနေ့မြတ်အဖြစ် မှတ်တမ်းတင်ခံရသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အခြားနေ့ထူးနေ့မြတ်များတွင် မြန်မာပြည် သူပြည်သူသားတို့မှာ ပျော်ရွှင်ချမ်းမြေ့ခြင်းပီတိအဟုန်ကို ခံစားရသော်လည်း ဤနေ့သည်ကား ပြည်သူ အားလုံး စိတ်နှလုံးညိုးချုံးရသောနေ့ဖြစ်ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား ချစ်ခင်ကြည် ညိုသောစိတ်ဖြင့် ဝမ်းနည်းပူဆွေးနေကြသော်လည်း ထိုစိတ်ကို အားမာန်အဖြစ် ပြောင်းလဲပြီး ခေါင်းဆောင် ကြီးများအသက်နှင့်လဲလှယ်၍ ယူခဲ့ရသည့် လွတ်လပ်ရေးကြီးကိုလည်း ကျောင်းသား/သူများ တည်မြဲရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်ကိုးဦးအတ္ထုပ္ပ တ္တိဆိုင်ရာ အကြောင်းအရာများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများနှင့်အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းများပါဝင်သောအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)