မောက်မယ် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ပါဝါမီတာသုံး ဆန်စက်/ဆီစက်များသို့ မီတာများ အသုံးပြုရာတွင် ကောင်း/မကောင်း လျှပ်စစ်ဓာတ်အား ဖြုန်းတီးမှုရှိ/မရှိအား မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဇင်ဝင်း ဦးဆောင်သော လျှပ်စစ်ဓါတ်အားခွဲရုံမှ ဝန်ထမ်းများတို့က ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် လျှပ်စစ်ဓါတ်အားခွဲရုံမှ ဝန်ထမ်းများတို့က ဌာနဆိုင်ရာရုံးများနှင့် ပါဝါမီတာသုံး ဆန်စက်/ဆီစက်များသို့ မီတာများအသုံးပြုရာတွင် ကောင်း/မကောင်း၊ လျှပ်စစ်ဓါတ်အားဖြုန်းတီးမှု ရှိ/မရှိ၊ မီးကြိုးများ ဆွေးမြေ့ခြင်း ရှိ/မရှိ၊ ဓာတ်အားလိုင်းများ ရှော့ဖြစ်ခြင်း ရှိ/မရှိ၊ လိုအပ်ပါက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးပြောကြား၍ မီတာနောက်ဆုံးနံပါတ်များမှတ်ကာ သိရှိနားလည်ကြောင်း လက်မှတ်ရေးထိုးစေခဲ့ပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)