မိုးနဲ ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း ဝမ်ဟေကျေးရွာအုပ်စု လမ်းဘေးနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးမည့် ကျွန်း ၅၀ ပင်၊ စိန်ပန်းနီ/ ပြာ ၅၀ ပင်ကို မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးစိုင်းအောင်သင်းက မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်အားပေးအပ်ခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာနဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပျိုးပင်ပေါင်း ၁၀၀ ပင်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ