မန်ကန်မြို့(အ-ထ-က)ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

မန်ကန် ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ကို အောင်းမေ့သတိရသောအားဖြင့် အာဇာနည်နေ့ထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန်ကန်မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မန်ကန်မြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဇာချိုက အာဇာနည်နေ့သမိုင်းကြောင်းနှင့် အာဇာနည်(၉)ဦး၏ အထ္တုပ္ပတ္တိအကြောင်းအားလည်းကောင်း၊ မန်ကန်မြို့ စခန်းမှူးဦးလင်းအောင်က အာဇာနည်၏ အဓိပ္ပာယ်အားလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများအကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် အတုယူလေးစားဖွယ်ရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ ရသ ပညာရပ်အစုံခင်းကျင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲတွင် မန်ကန်မြို့ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အိဇာချို (ပြန်/ဆက်)