တာလေ ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့စည်ပင်သာယာရေးဌာနခွဲရုံးတွင် ယနေ့နံနက် ၉ နာရီက မိုးရေချိန်တိုင်းကိရိယာ တပ်ဆင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မြို့မိုးရေချိန်တိကျမှန်ကန်စွာသိရှိနိုင်စေရန် တပ်ဆင်ခဲ့ကြသည်။
ထိုနောက် တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးဝင်းလှိုင်က နေ့စဉ်တိုင်းတာကြမည့် စည်ပင်သာယာရေးဌာနမှဝန်ထမ်းများအား ချိန်တွယ်တိုင်းတာနည်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)