ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေး

ပင်းတယ ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြင်းမူးကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် တည်ဆောက်ဖွင့်လှစ်နိုင်ရန်မြေနေရာအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများက မြင်းမူးကျေးရွာအတွင်း၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာအားကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။        

အဆိုပါစာကြည့်တိုက်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းခဲ့ကြသည့်အလှူငွေများဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ တည်ဆောက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)