မိတ္ထီလာ ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကိုပြောကြား၍ မြစိမ်းရောင်ငွေစာရင်း ထိန်းသိမ်းနည်းများအား သေချာမှတ်သား၍ စာရင်းများပုံမှန်ဖြည့်သွင်းကြရန်၊ စီမံကိန်းအောင်မြင်အောင် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဒေါ်အေးမြတ်မြတ်ဆွေက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်များနှင့် ငွေစာရင်းပုံစံ(၁၀)မျိုးရေးသွင်းနည်း အသေးစိတ်အား ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ ကန်ကြီးကုန်းကျေးရွာမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင် ၉ဦး၊ ညောင်မြင့်ကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင် ၇ဦး၊ စုစုပေါင်း ၁၆ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)