ငါန်းဇွန် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေ၊ နိုင်ငံသားကတ်များနှင့် Biometric (ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်)ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၂၄ ရက်နေ့မှ ယနေ့အထိ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါန်းဇွန်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ် ဆောင်ရွက်ပေးခဲ့ရာ ပန်းခင်းစီမံချက်(၃)ဖြင့် အကျုံးဝင်သော ကျောင်းသား/သူပေါင်း (၅၆၂)ဦးအား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များဆောင်ရွက်ပေးအပ်ခဲ့ပြီး Biometric (ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်) ကောက်ယူခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလှသိန်းထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)