သင်္ဃန်းကျွန်း ဇူလိုင် ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး Community Centre ၌ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် “ငဩစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန် ၃၀ ရက်နေ့ နေ့လယ် ၁နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် Book Club ဥက္ကဋ္ဌ စာရေးဆရာ မောင်မောက်(၀တ်လုံ)က စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူးများ၊ အသိပညာနှင့် အတတ်ပညာပေါင်းစပ်မှ တန်ဖိုးရှိသည့် လူတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ် ကောင်းမွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် “ငဩ” စာအုပ်ပါ ဥဩတွန်သောလရာသီ၊ မျှော်လေတိုင်းမှိုင်းမှုန်မှုန်၊ ဘဝ၏ မုန်တိုင်းပြင်ဝယ် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးရှိ ၀န်ထမ်းများက မိမိတို့အတွေ့အကြုံများ၊ အမေးအဖြေများကဏ္ဍများကို ဖတ်ပြဆွေးနွေးကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သိန်းအောင်