မိုင်းတုံ ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မွမ်းမံသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကိုသင်တန်းနည်းပြ (၄) ဦးဖြင့် သင်တန်းသား (၆၃) ဦးအား ဇူလိုင်လ (၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးထံမှသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ (၁၅) ဦးနှင့် သင်တန်းသား (၆၃) ဦး စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်