တာမွေ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်ဖြစ်စဉ်များကို အထိုက်အလျောက် အထောက်အကူပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် သံသုမာလမ်းမကြီးတစ်လျှောက် ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။
ထိုကဲ့သို့ ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများက အရိပ်ရအပင်များဖြစ်သည့် တည်ပင်(၃၆)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အပတ်စဉ် အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)