မိုင်းယောင်း ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ရုံးလုပ်ငန်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးထွန်းထွန်းနိုင်က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ စာရေးအဆင့်-၂ နှင့် စာရေးအဆင့်-၁ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်မှ ၂၆ ရက်အထိ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)