ကော့ကရိတ် ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော ဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ဥပဒေအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ မြို့နယ်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်ဥပဒေအရာရှိမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ဥပဒေအကြောင်းအရာများနှင့် ကော့ကရိတ်မြို့နယ်အတွင်း ညနေ(၆)နာရီမှ နံနက်(၆) နာရီအချိန်အတွင်း အပြင်ထွက်ခွာသွားလာခွင့်မပြုခြင်း ဥပဒေပြဋ္ဌာန်းချက် အကြောင်းအရာများအားလည်းကောင်း မြို့မရဲစခန်းမှူးမှ လူကုန်ကူးခံရနိုင်မှုနှင့်ပတ်သက်၍ အခြေခံအကြောင်းအရာများ ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား ဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)