မိုင်းယောင်း ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် GEC ပညာရေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် GEC ပညာရေးသမဝါယမအသင်းဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်တို့က အမှာစကားပြောကြားခဲ့ကြပြီး အသင်းအတွင်းရေးမှူး မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမင်းက နှစ်ချုပ် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုဆုပေးအပ်ပြီး အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲကို ပြုလုပ်ကျင်းခဲ့သည်။ အသင်းသူအသင်းသား ၂၂၆ ဦးရှိရာ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် ဆီတစ်ဘူးစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)