မိုးညှင်း ဇွန် ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသား တံခွန်စိုက် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၂၆) ရက် ညနေ(၃)နာရီက တက္ကသိုလ် မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသားတံခွန်စိုက်ပိုက်ကျော်ခြင်း ဗိုလ်လုပွဲပြိုင်ပွဲတွင် ဓါတုဗေဒအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓါတုဗေဒအသင်းက နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိ၍ ဗိုလ်စွဲသွားခဲ့ပြီး အဆိုပါပြိုင်ပွဲကို ဇွန်လ (၂၄) ရက် နံနက်ပိုင်းမှစတင်ကာ အသင်းပေါင်းလေးသင်းဖြင့် ပတ်လည်ကစားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ သုံယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့်အသင်းကို ကြေးတံဆိပ်ဆု၊ ဒုတိယရရှိသည့် အသင်းကို ငွေတံဆိပ်ဆုနှင့် ပထမရရှိကြသည့်အသင်းများကို ရွှေတံဆိပ်ဆုများကိုလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးကစားသများဆုများနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကြီးကိုလည်းကောင်း တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် ပါမောက္ခ (ဌာနမှူး) တို့က ဆုများကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း