ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ (ဆ)ရပ်ကွက်၊ ရွှေလှေချမ်းသာရဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်သန်ခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းနိုင်က သန်းခေါင်စာရင်းဆိုတာ လူဦးရေဆိုင်ရာအကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများအား တစ်နိုင်ငံလုံး(သို့မဟုတ်) သတ်မှတ်နယ် မြေဒေသတစ်ခုတွင်လူတိုင်းကို တစ်ကြိမ်တည်း တစ်ပြိုင်တည်းကောက်ယူသော လုပ်ငန်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာစာရင်း အချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်နှင့် လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန် ရည်ရွယ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်