သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

သုံးခွ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က- (၂) ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ ကျောင်းသား/သူ များအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက၊ ဆောင်ရန်၊ ရှောင်ရန်နှင့်လိုက်နာရန် အချက်များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ တစ်မျိုးခြင်း အလိုက်သုံးစွဲမှုအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသားကလေးများကို သဘာဝဘေးဖြစ်လာပါက အသက်ကယ်အင်္ကျီ life Jacket ဝတ်ဆင်ပုံ၊ BA SET၊ အရေးပေါ်လူနာသယ်ဆောင်နည်းနှင့် အသက်ရှူကိရိယာကို အသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)